လပွတ္တာ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစား အသိပညာပေးဟောပြောပွဲကို လပွတ္တာခရိုင်(၃)မိုင်မြို့သစ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် လပွတ္တာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အေးက အားကစားဆိုတာဘာလဲ၊ အားကစား အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ၊ လေ့ကျင့်ခန်းဆိုဘာလဲ၊ ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူး၊ ကျန်းမာခြင်းဆိုတာဘာလဲ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကာယလေ့ကျင့်ခန်းများ ပြုလုပ်ရာတွင် သတိထားရမည့်အချက်များ၊ အားကစားပြုလုပ်ခြင်းဖြင့် နိုင်ငံတော်အတွက်ရရှိမည့် အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားအသိပညာပေးဟောပြောပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်