ဇီးကုန်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်းကို အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဇီးကုန်း)၌ ယနေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဇီးကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိုးမင်းနှင့်နည်းပြများ၊ တပ်ဖွဲ့ဝင်များက ယာဉ်မတော်တဆမှု ဖြစ်စေနိုင်သောအကြောင်းများ၊ လမ်းအသုံးပြုသူများ လိုက်နာရန်အချက်များ၊ အသိပေးဆိုင်းဘုတ်များအကြောင်းနှင့် ကျောင်းသား ကျောင်းသူများမတော်တဆမှု မဖြစ်စေရေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုက်နာရန်အချက်များ၊ ရှောင်ကျဉ်ရန်အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ