ကျောက်ပန်းတောင်း ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများ အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ပြိုင်ပွဲပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကြပြီး အဆိုပါကျောင်းများရှိ စုဝေးခန်းမများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပြီး အမှတ်(၁)အ.ထ.က တွင် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ(၄၅)ဦးနှင့် အမှတ်(၂)အ.ထ.ကတွင် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၃၈)ဦး စုစုပေါင်း(၈၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)