မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် ယနေ့လူငယ်လူရွယ်များ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးမှ သမိုင်းတလျှောက် မမေ့နိုင်သောနေ့တစ်နေ့ဖြစ်သည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမည်၊ အတ္ထုပ္ပတ္တိများအကြောင်းနှင့် အခြားအသိပညာ ဗဟုသုတရစေမည့် အကြောင်းအရာများ ဟောပြောပေးခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများစာအုပ်စာပေချစ်မြတ်နိုး တတ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ရည်ရွယ်၍  ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)