ချမ်းမြသာစည်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် လွှဲပြောင်းပေးအပ်

ချမ်းမြသာစည် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Pull Man Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စည်ပင်သာယာ‌ရေးဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်နှင့် ဌာနဆိုင်ရာများ၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် Mr. ZhangWel နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယကောင်စစ်ဝန်ချုပ် Mr.ZnarWely က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် Ambulance မော်တော်ယာဉ် (၁) စီးတို့အား ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခင်စိမ်း၀င်း(မြို့နယ် ပြန်/ဆက်)