သတင်းများ

ဒက္ခိဏသီရိမြို့နယ်တွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအကြောင်းနှင့် တိရိစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြော
Jul 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအကြောင်းနှင့် တိရိစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ (Booster) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jul 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိစေရေး မြို့နယ်လုံးကျွတ် ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမအပါအဝင် ကျေးရွာ အသီးသီးရှိ ဆေးထိုးစုရပ်(၁၅)နေရာတို့တွင် ယမန်နေ့က (Booster) ထပ်ဆောင်းကာကွယ်ဆေး ကို အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ (၃၅၂)ဦးအား ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာပေချစ်မြတ်နိုးသူ အဖွဲ့ဖြင့် စာရေးဆရာအောင်သိဒ္ဓိမှ ၎င်းကိုယ်တိုင်ရေးသားသော မအအောင်သင်တဲ့ သမိုင်းနှင့် မျိုးဆက်သစ်လူငယ်တို့ အားမာန်စာအုပ်ပါ စိတ်ကောင်းရှိဖို့ ပထမဆောင်းပါးခေါင်းစဉ်နှင့် ပန်းနှစ်ပွင့်ဂန္ထဝင် မော်ဒန်ကဗျာများ စာအုပ်ပါကဗျာတို့အား မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ ပြင်ဆင်ထားရှိပြီး ရေပြင်၊ မြေပြင် သရုပ်ပြ လေ့ကျင့်ခြင်း ဆောင်ရွက်
Jul 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲနိုင်ဦး ဦးဆောင်၍ ယမန့်နေ့ ညနေ(၄)နာရီအချိန်က ရေပြင်၊ မြေပြင် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ဟိုပန်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  နိုင်ငံတော်၏ နေ့ထူးနေ့မြတ်နေ့ တစ်နေ့ဖြစ်သည့် အာဇာနည်နေ့အား အစဉ်ထာဝရ အမှတ်ရစေရန်၊ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်စိတ်ဓာတ်များ ကိန်းအောင်းကြစေရန်နှင့် တိုင်းပြည်ကိုချစ်မြတ်နိုးပြီး နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်းသမီးကောင်းများ ဖြစ်လာကြစေရန်တို့ကို ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီကက ဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Jul 14,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် မြေအနိမ့်ပိုင်းနေရာများ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်စွန့်ခွာ၍ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ပြည်သူများအား
ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jul 14,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဇူလို်ငလ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်အမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ရေးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ (၇၅)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ခရိုင် ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ သည်။