ကံမမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကံမ ဇူလိုင် ၁၄

မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် မြေအနိမ့်ပိုင်းနေရာများ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နေအိမ်စွန့်ခွာ၍ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က ရေဘေးသင့်အိမ်ထောင်စု(၁၁)စုမှ ပြည်သူ (၄၄)ဦးအတွက် တစ်ဦးလျှင်ဆန်ရိက္ခာဘိုးငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၉၂၄၀၀ ကျပ်အားထောက်ပံ ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)