ရေး ဇူလိုင် ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဇူလို်ငလ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်အမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်သိမ့်သိမ့်ရည် ဦးစီးအရာရှိက ယခုလို (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက အာဇာနည်နေ့ဖြစ်ပေါ်သည့် သမိုင်းအကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားအာဇာနည်ခေါင်ဆောင်ကြီးများက မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ ဆောင်ရွက်ကြပုံများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိနိုင်ငံအတွက် ကြိုးစားကြရန် ဟောပြောခဲ့သည်။
ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပပြီးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခြင်းနှင့် တတ်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)