သတင်းများ

သထုံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jul 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ ( Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
မုံးကိုးမြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာပေဝါသနာရှင် (Book Club) အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲအား ယမန်နေ့နေ့လည် (၁)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး 
Jul 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အမှတ်(၂၄) ရေတပ် လက်နက်ခဲယမ်း မီးကျောက်တပ်၊ စိုက်ခြံနှင့် မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို  ယမန်နေ့နံနက် (၀၆:ဝဝ)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက်စျေး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 15,2022
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်းကာ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းကို ဇူလိုင်လ(၁၉)ရက် နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား Sinopharm ကာကွယ်ဆေး (ပထမအကြိမ်)ဆက်လက်ထိုးနှံပေး
Jul 15,2022
ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကာကွယ်မထိုးရသေးသော ကျောင်းသား/သူ(၄၀၆)ဦးအား Sinopharm ကာကွယ်ဆေး (ပထအကြိမ်) ဆက်လက်ထိုးနှံခြင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီ အချိန်ခန့်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် တိရိစ္ဆာန်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Jul 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဇူလိုင်(၁၁)ရက်နေ့မှစတင် မြို့နယ်အတွင်းရှိ ခိုင်းနွားများနှင့်နို့စားနွားများအား  ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက  မှိုင်းပန်ကျေးရွာတွင် နွားကောင်ရေ(၅၃၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသ ကော်ပတ်ခြံကျေးရွာတွင် ကြက်မောက်သီးများဆွတ်ခူးချိန် လက်လီရောင်းအားကောင်း၍အဆင်ပြေ
Jul 15,2022
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ ကော်ပတ်ခြံကျေးရွာတွင် ကြက်မောက်သီးများဆွတ်ခူးချိန် လက်လီရောင်းဝယ်မှုအားကောင်းနေ၍ စိုက်ပျိုးအောင်မြင်လျက်ရှိသော ခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Jul 15,2022
မန္တလေးအောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရာ မြို့နယ် စာရေးဆရာအသင်းမှ အဖွဲ့ဝင် ဦးဆန်းဦး"မင်းလပြည့်"(ဟားခါး)၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့သည်။