ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာပေချစ်မြတ်နိုးသူ အဖွဲ့ဖြင့် စာရေးဆရာအောင်သိဒ္ဓိမှ ၎င်းကိုယ်တိုင်ရေးသားသော မအအောင်သင်တဲ့ သမိုင်းနှင့် မျိုဆက်သစ်လူငယ်တို့ အားမာန်စာအုပ်ပါ စိတ်ကောင်းရှိဖို့ ပထမဆောင်းပါးခေါင်းစဉ်နှင့် ပန်းနှစ်ပွင့်ဂန္ထဝင် မော်ဒန်ကဗျာများ စာအုပ်ပါကဗျာတို့အား မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာအောင်သိဒ္ဓိမှ သူ၏စာပေဘဝဖြတ်သန်းမှုအဖြစ် ရေးသား ထားသော စာအုပ်(၂)အုပ်ဖြစ်သည် မအအောင်သင်တဲ့သမိုင်းနှင့် မျိုးဆက်သစ်လူငယ်တို့ အားမာန်၊ ပန်းနှစ်ပွင့်ဂန္ထဝင် မော်ဒန်ကဗျာများ စာအုပ်ထုတ်‌ဝေပြီးကြောင်း ဆောင်းပါး(၁၀၀)ပုဒ်နှင့် ကဗျာ(၁၅၀)ပုဒ်ရှိကြောင်း ထိုအထဲမှ ကဗျာပုဒ်ရေ(၈၀)၊ ဆောင်းပါးပုဒ်ရေ (၉၀)ခန့် ပုံနှိပ်ဖော်ပြခံရပြီးဖြစ်ကြောင်း ဦးစွာမိတ်ဆက်ပြောကြားကာ ၎င်းရေးသားထားသော စာအုပ်များဖြစ်သည် မအအောင်သင်တဲ့ သမိုင်းနှင့်မျိုးဆက်သစ် လူငယ်အားမာန်စာအုပ်မှ “စိတ်ကောင်းရှိဖို့ ပထမ”ဆောင်းပါးခေါင်းစဉ်တွင် ရုပ်လှသော်လည်း နာမ်လိုခေါ်သည်စိတ်လှဖို့ အရေးကြီးပါတယ်၊ လူနဲ့လူပတ်ဝန်းကျင်မှာ လူသားချင်းပေါင်းသင်းဆက်ဆံရာမှာ စိတ်ကောင်းရှိဖို့ ပထမအရေးကြီးကြောင်း အသေးစိတ်ဆွေးနွေး၍ ပန်းနှစ်ပွင့်ကဗျာမှ လွတ်လပ်ရေးနေ့ အဓိဠာန်ကဗျာ၊ အနန္တမေတ္တာရှင်များသို့ ကဗျာများကိုရွတ်ဖတ်၍ အဓိပ္ပာယ်အား ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများ အဖွဲ့နှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှလည်း စာပေအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့‌ကြကြောင်းနှင့် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးသော စာရေးဆရာ အောင်သိဒ္ဓိမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ သုတစာအုပ်(၅)အုပ် ပေးပ်လှူဒါန်းရာမြို့နယ်ဦးစီးအရာရှိမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်