ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ (Booster) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

ချောင်းဆုံ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိစေရေး မြို့နယ်လုံးကျွတ် ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမအပါအဝင် ကျေးရွာ အသီးသီးရှိ ဆေးထိုးစုရပ်(၁၅)နေရာတို့တွင် ယမန်နေ့က (Booster) ထပ်ဆောင်းကာကွယ်ဆေး ကို အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ (၃၅၂)ဦးအား ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးခြင်းကို ကျောင်းအခြေပြု အခြေခံပညာသင်ကျောင်းတွင် ကျောင်းသား/သူ များအား (ပထမအကြိမ်) (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကိုလည်းကောင်း၊ ရပ်ကွက်ကျေးရွာရှိ ကျောင်းပြင်ပ အသက်(၁၅)နှစ်နှင့် (၁၈) နှစ်ကြားရှိလူငယ်များအား (Phase-12) ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာ စုရပ်အလိုက်လည်းကောင်း၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကဆက်လက်၍ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်းနှင့် ဇူလိုင်(၁၃)ရက်နေ့အထိ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ(၈၁၅၅၄)ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၇၈၆၆၀)ဦး၊ တတိယအကြိမ် (Booster) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးသူ (၂၃၁၄၁)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)