ကျိုက်လတ်၌ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ် အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ဇူလိုင် ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ဖျာပုံ-ကျိုက်လတ် -မအူပင်ကားလမ်းမတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။