ကျိုက်လတ် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ဇူလိုင် ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ဖျာပုံ-ကျိုက်လတ်-မအူပင်ကားလမ်းမတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပလပ်စတစ်အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်း ခြင်း၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် မြို့နယ် အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်