သတင်းများ

ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကျင်းပ
Jul 18,2022
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကို  ယမန်နေ့က အထကဘုတ်ပြင်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို‌ ဟောပြောပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်
Jul 18,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ
Jul 18,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြည့်ရှုစစ်ဆေး
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများနှင့် မြို့မဈေးမီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပိုင်ကျုံမြို့ (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jul 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်‌ ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 18,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိကြသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အမာမြို့၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်ပန်းပင်များ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အထိမ်းအမှတ်အဖြစ် သစ်ပင်ပန်းပင်များ စိုက်ပျိုးပွဲကို ကျောင်းအဝင် လမ်းတစ်လျှောက်၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။