လိပ်သို ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ရာ ယခင်ကထက် သွားလာသယ်ယူပို့ဆောင်မှုများ ပိုမိုအဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းမှာ အရှည် ၆၂၀ ပေ၊အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သို(ပြန်/ဆက်)