သတင်းများ

ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အာဇာနည်နေ့အကြောင်း​​​​​​​ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် (Talk Shaw) ဆောင်ရွက်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဇာနည်နေ့အကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် (Talk Show) အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ပဲခူး-ကဝ လမ်းမကြီး ပြည်သူ့ဆေးရုံရှေ့၌ ယနေ့ နံနက် (၈:၃၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်း၌ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်
ငပုတောမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်ယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ/ မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံစစ်ဆေး
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မြို့မစျေးတို့တွင် လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယမန် နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးကျော်မင်းသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြို့နယ်လျှပ်စစ်မှူး ဦးစိုးပိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့် မီးသတ်ဦးစီးမှူး ဦးပိုင်စိုးတို့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။  
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်စေ ရေး နှိုးဆော်
Jul 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီ ခရွန်‌ရောဂါ ကြိုတင်ကာကွယ်‌ရေး နည်းလမ်းများနှင့် ကိုဗစ်-‌၁၉‌ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ နှင့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၈)လုံး ပြောင်းရွေ့
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့ နံနက် ၉ နာရီအချိန်က မြစ်ကမ်းနှင့်နီးသော ကဇင်းတောကျောင်းစုကျေးရွာရှိ နေအိမ် (၈)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။
သဲကုန်းမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။