သတင်းများ

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 18,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများဖြင့် ယနေ့ နေ့လည် (၁၂)နာရီအချိန်က  ကျင်းပ ပြုလုပ်ခဲ့သည်။
ရွှေဘိုမြို့တွင်(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 18,2022
​ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ​ရွှေဘိုမြို့ အ.ထ.က(၃)တွင် ယနေ့  နံနက်၁၀နာရီချိန်ကကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်လှစ်ပေး
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉) စက်မှုလယ်ယာစခန်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲကို ယနေ့မွန်းလွဲ ၁၂:၃၀ နာရီ အချိန်ခန့်က အဆိုပါ စက်မှုလယ်ယာဦး စီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
ကျုံပျော်မြို့ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင် ပြပွဲကျင်းပပြုလုပ်
Jul 18,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်များ ပြသ
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား e-ID စနစ်အတွင်း အိမ်ထောင်စုအချက်အလက်များအား ဖြည့်သွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jul 18,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက် များအား software program ဖြင့် Data base သို့ ရေးသွင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ(၁၈)ရက်နံနက်ပိုင်းတွင် ဆင့်ပွားသင်တန်းပေးပြီး စာရင်းဖြည့်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ထုံးဖိုလုပ်ငန်းလုပ်ကိုင်ကြသူများအတွက် ပြည်တွင်းစျေးကွက်၌ ထုံးဝယ်ယူမှုမြင့်မားနေ
Jul 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာနှင့် တဝန်ဖန်ရကျေးရွာတို့၌ ထုံးဖုတ်လုပ်ငန်း လုပ်ကိုင်နေကြသူများနှင့် အလုပ်သမားများ၊ ထုံးအရောင်း၊ အဝယ် စီးပွားရေး လုပ်ကိုင်နေကြသူများအနေဖြင့် ပြည်တွင်းစျေးကွက်၌ ထုံးအိတ်များ တင်ပို့ရောင်းချရမှု အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show အား ယနေ့နေ့လည် ၁ နာရီအချိန်ကဆောင်ရွက်သည်။