ဘုတ်ပြင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသ

ဘုတ်ပြင်း  ဇူလိုင် ၁၈

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အထက-ဘုတ်ပြင်း ကျောင်းစာကြည့်တိုက်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် အထက-ကျောင်းအုပ်ဆရာကြီး ဒေါ်လှအေးက ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အထက်တန်းပြဆရာမ ဒေါ်ချိုချိုစန်း မြန်မာတစ်မျိုးသားလုံအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကိုလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်မြမြမိုးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ များအားလည်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  အသိပညာပေးခြင်း၊ နံရံစာစောင်နှင့် စာအုပ်စာစောင်များဖြင့် အသိပညာပေး ဆောင်ရွက်မှုများအား ပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက မြန်မာတစ်မျိုးသားလုံးအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကိုလည်းကောင်း၊ အထက်ပြဆရာမ ဒေါ်ချိုချိုစန်း အာဇာနည်ခေါင်းဆောင်ကြီး များ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများအားလည်ကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်မြမြမိုးက အာဇာနည်နေ့အား မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ အလေးထားတန်ဖိုးထားအပ်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထား သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည် (၉) ဦး၏ အာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် နံရံကပ်စာစောင်များ၊ ကဗျာများ၊ စာအုပ်စာစောင်များ ပြသ ထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)