မရမ်းကုန်းမြို့နယ်၌ အသက်၅နှစ်မှအသက်၁၂နှစ်အထိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံပေး
Jul 28,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးသင်ပညာရေးကျောင်းများဖြစ်သည့် ပိတောက်ရွှေဝါကျောင်းနှင့် ပညာသိပ္ပံကျောင်းများ ရှိအသက် (၅) နှစ်မှ (၁၂) နှစ်ထိသံဃာတော်များ၊သီလရှင်များ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယမန်နေ့ နံနက် ၁၀ နာရီကကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ဒုတိယအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။