သတင်းများ

ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး
Jul 28,2022
သစ်ပင်သစ်တော၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝဘေးဒဏ်လျော့ကြစေရန်နှင့် သားငါးပုဇွန်များ ပေါ်များလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ဝဲငယ်ကျေးရွာတွင် ပြုလုပ်ရာ ကော့သောင်းရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ NGO အဖွဲ့များ ၊ ကျေးလက်ပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း
Jul 28,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၉)နာရီက နတ်ကြီးကုန်းရပ်ကွက်ရှိ ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ လှူဒါန်းခဲ့သည်။
မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချမှတ်ချက်နှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များရှိ/မရှိများအား မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ ညနေ(၄)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတက္ကသိုလ်တွင် အထူးပြုဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်
Jul 28,2022
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲဆုရရှိခဲ့သူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပြပုလုပ်ခဲ့ကြောင်းသိရသည်။
ဟိုပန်​မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေ​ရေး နှင့် စာအုပ်စာပေနှင့်ပိုမိုပြီး ရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ယနေ့နံနက်ပိုင်းက ဟိုပန်​မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ထိုးနှံ
Jul 28,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့​နံနက်(၉)နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၇၇)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၂၂)ဦးနှင့် Booster Dose ထိုးနှံသူ(၁၅၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၂၅၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးပြန်လည်ဖွင့်လှစ်နိုင်ရေးသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၄၈)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ၌ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များအသိပညာပေးဆွေးနွေး
Jul 28,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့မှ ဂုတ်ကြီးကျေးရွာသို့ သွားရောက်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အသိပညာပေးရှင်းလင်း ဆွေးနွေး ခဲ့သည်။