ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

နမ့်ဆန် ဇွန် ၂၈ 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အချင်းချင်း အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာဆွေးနွေးပွဲကို ဒေါက်တာစောဝင်း၏ ကလေးကျန်းမာရေးအမေးအဖြေ စာအုပ်ပါ ကလေးနှင့် စိတ်ကြောင့်ဖြစ်သော ဝေဒနာများ အကြောင်းအရာမှားကို အပြန်အလှန် ဆွေးနွေးကြရာ (Book Club) အဖွဲ့ဝင် လှလှဝင်းမှ  ကလေးများတွင် စိတ်ရောဂါဖြစ်ပွားမှု ကလေးစိတ်ရောဂါများကို ခွဲခြားထားမှုအခြေအနေ ရောဂါလက္ခဏာများနှင့် စိတ်ကြောင့် ဖြစ်သော ဝေဒနာပါ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ ဗိုက်နာခြင်းများကလည်း စိတ်ကြောင့်ဖြစ်သောရောဂါများဖြစ်ခြင်းနှင့် ဦးစီးအရာရှိ ဒေါ်ထားထားလှိုင်မှ မိုးရာသီနှင့် သွေးလွန်တုပ် ကွေးရောဂါအကြောင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားရအောင် ဆောင်ရန်၊ ရှောင်ရန်များကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသော (Book Club) (Youth Club) အဖွဲ့ဝင် များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်