သတင်းများ

နောင်ချိုမြို့နယ် ငုက္ခလေးအုပ်စု အဝေရာရာမ ငါးဆူကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အဝေရာရာမ ငါးဆူကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ခွင့်ပြုချက်မရှိသည့် ကျုးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက်
Jul 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်ကျုးကျော် အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရန်ကုန်-မန္တလေး ကားလမ်း၊ မြို့အဝင်/မိုင်တိုင်အမှတ် ၂၄၉/၁ ၊ ရှောက်ကုန်းကွင်း၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကျုးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဖယ်ရှားရှင်းလင်းခဲ့သည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show)ကျင်းပ 
Jul 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု(Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာမြေကြီးလှပဖို့ သစ်ပင်စိုက်ကြစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။ 
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Jul 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက အမှတ် ၁၀ ရပ်ကွက်၊ အ.ထ.က(၄) ကျောင်းခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း ဆောင်ရွက်
Jul 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာတွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ စစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်မှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီး
Jul 28,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် ဒေသခံ ကျေးလက်နေပြည်သူများ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည် ၁/ ၃ ဒသမ ၅၂ မိုင်အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Software program ထည့်သွင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များ Software program ထည့်သွင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ လူဦးရေစာရင်းပုံစံ(၆၆/၆)များ (၂၂၉၄) ဆောင်ရွက်ပြီးစီးနေကြောင်း သိရသည်။