ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် အသက်(၅)နှစ်မှ (၁၈)နှစ်ထိ ကျောင်းသား/သူ(၁၃၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ရှမ်းရွာသစ်   ဇူလိုင်  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအားကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ကွီးလေး ကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၈)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေး ခြင်းဆိုင်ရာအချက်များကို မေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/မရှိမေးမြန်းပြီးမှသာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြောင်း၊ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား/သူ(၁၁၄)ဦးနှင့် (၁၂)အထက်ကျောင်းသား/သူ(၂၀)ဦး၊ စုစုပေါင်း (၁၃၄)ဦးတို့ကို ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း ကျေးရွာအုပ်စုတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ရဟန်းသံဃာတော်များ၊ သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်ဒေသနေပြည်သူများ၊ အသက်(၁၂)နှစ် ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းနေအရွယ်ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ်အလေးထားကာ အသိပညာပေးနှိုးဆော်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)