သတင်းများ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာထမ်းများနှင့်တွေ့ဆုံ
Jul 28,2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ (၁) တွင် ပြုလုပ်သည်။
နမ့်စန်တွင် အားမာန်သစ် လယ်/ထွေ သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုများချီးမြှင့်
Jul 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အားမာန်သစ် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက်
မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် လာရောက် တွေ့ဆုံ ဆွေးနွေး
Jul 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှု အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဘိုကလေးမြို့နယ် အ.ထ.က မြင်းကကုန်းတွင် အားကစားဆိုင်ရာနှင့် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ
Jul 28,2022
လူငယ်မောင်မယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ အားကစားကိုချစ်မြတ်နိုး တတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀) နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာ အုပ်စုရှိ မြင်းကကုန်း အ.ထ.က ကျောင်းတွင် အားကစားဆိုင်ရာနှင့် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jul 28,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မော်လမြိုင်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က  ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် တင်ဒါအောင် ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အတွင်းသို့ ပထမဆုံးအကြိမ် အလှူရှင်တစ်ဦးမှ ဇီဝိတဒါနအလှူ အဖြစ် ငါးသားပေါက်အကောင်ရေ (၂)သိန်းလွှတ်ပေးခဲ့
Jul 28,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အတွင်းသို့ ပထမဆုံးအကြိမ် အနေဖြင့် အလှူရှင်တစ်ဦးမှ ဇီဝိတဒါနအလှူအဖြစ် ငါးသားပေါက်အကောင်ရေ (၂)သိန်းကို ဇူလိုင်လ နောက်ဆုံးပတ် ပထမရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 28,2022
ကရင်ပြည်နယ် ၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ မိမိတို့၏ အိမ်များတွင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး  စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့်  မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
လဲချားတွင် ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေး (Talk Show)ကျင်းပ
Jul 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်(Community Centre)ခန်းမတွင်  ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေး (Talk Show)ကို  ယနေ့ နံနက်