ဒဂုံ ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း၏ (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦး စီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်ရှိ အိမ်ထောင်စု လူဦးရေစာရင်း စုစုပေါင်း(၇၈၃၄)၏ (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ရုံးဝန်ထမ်းများမှ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ရေးသွင်းပြီးစီးနိုင်ရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျောက်တံတားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒဂုံမြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိပါသည်။
မေသန္တာ