လွိုင်ကော် ဇူလိုင် ၂၉
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးတို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မတော်ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဆေးရုံအတွင်းရှိ ဆေးကုသဆောင်များသို့ သွားရောက်၍ ဆေးကုသလျက်ရှိသော လူနာများအားကြည့်ရှု၍ လူနာတစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းကာ အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)