သနပ်ပင် မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

သနပ်ပင် ဇူလိုင်၂၉

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သနပ်ပင်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နံနက်ပိုင်းက ကျွန်းကြီးကျေးရွာ၊ ရွှေလှေစုကျေးရွာတို့၌  ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီးစိုက်ပျိုးရေးဦးစီးဌာန၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနင့်သက်ဆိုင်သည့် အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ်  ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့သည်။

လှမိုး