ရွှေဘို ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ အ.ထ.က(၃)တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ၊ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီချိန် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင်၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဒေါ်မေအင်ကြင်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အခွင့်အရေး၄ရပ်၊ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချောစုကသဘာဝဘေး၉မျိုးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပါကကြိုတင်ကာကွယ်ရမည့်အချက်များ ဆောင်ရန်ရှောင်ရန်အချက်များကို ဟောပြောပြီး၊ လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူ (၂၀၀)ဦးတက်ရောက်ခဲ့ပြီး၊ဗလာစာအုပ်များပေးအပ်ခဲ့ကြောင်း ဟောပြောပွဲများကို မြို့ပေါ်ရှိ အ.ထ.က၊ အ.လ.ကကြောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်