သတင်းများ

သထုံမြို့၊ ကန်ညီနောင် အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jul 30,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်၊ အခြေခံပညာမူလတန်း(လွန်) ကျောင်းဝန်းအတွင်း၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေးတို့အတွက် စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
ရမည်းသင်းမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 30,2022
ရမည်းသင်းမြို့ သန့်ရှင်းသာယာလှရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၇ နာရီတွင် ရမည်းသင်းမြို့ ရွှေစည်းခုံဘုရားဝန်းအတွင်း ပေါင်းမြက်များ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကမာရွတ်မြို့နယ်တွင် ပညာ​ရေးတက္ကသိုလ် တက်​ရောက်​နေ​​သော ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jul 30,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာ​ရေးတက္ကသိုလ်တွင် တက်​ရောက်ပညာသင်ကြား​နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို  ယ​နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်ပညာ​ရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
မိုင်းဖြတ်မြို့နယ်၌  ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Jul 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မင်းဘူးခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်
Jul 30,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ခရိုင်အဆင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 30,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာကျွမ်းကျင်မှု သင်တန်း(၇/၂၀၂၂)၊ အဆင့်မြင့်ရုံးသုံးကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း(၃/၂၀၂၂)နှင့် လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှု သင်တန်း(၆/၂၀၂၂) (Applied GIS)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရမည်းသင်းမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ
Jul 30,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။ 
ကမာရွတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jul 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကောင်းမြင့်သူ၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများအား နေ့စဉ်စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ယ​နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျှော့ကျ​စေ​ရေးအသိပညာ​ပေးလုပ်ငန်းအဖြစ် အမှတ်(၉)ရပ်ကွက်ရှိ  ရန်ကုန်ပညာ​ရေးတက္ကသိုလ် (BED) Seminar (Room)  ခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်း၊ မရန်ကုတိုင်း​ဒေသကြီး၊ ပြည်သူ့ကျန်းမာ​ရေးဦးစီဌာနမှ ဦးစီးအရာရှိ(တီဘီ)ဆရာဝန်​ဒေါက်တာ​ကျော့မာလာမြင့်မှ​ဟော​ပြောခြင်းနှင့်​​ ကျောင်းဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပါသည်။