ပဲခူးမြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးကြောင်း ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၂၉

 ပဲခူးမြို့တွင် ဒေသတွင်း ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန်ပြန်လည် ဦးမော့လာစေရေးနှင့် ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု လျော့ပါးလာခြင်းနှင့်အတူ ပဲခူးမြို့တစ်ခုတည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ဇူလိုင်လအတွင်း Package Tour ခရီးစဉ်(၅)ကြိမ်၊ ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာသစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိရေးနှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟိုတယ် လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားလာမှု(၁)ခု၊ ခရီးလှည့်လည်ရေးကုမ္ပဏီ သက်တမ်းတိုး (၁)ခု၊ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ ခရီးသွားဧည့်လမ်းညွှန်သက်တမ်းတိုးခြင်းနှင့် စက်တင်ဘာလ(၂၇)ရက်နေ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း (World Tourism Day)တွင် နေပြည်တော်ပြခန်း၌ ခင်းကျင်းပြသသွားမည့် နမူနာပုံစံများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်