ဝက်လက် ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းခွဲတွင် ယမန်နေ့ နံနက် ၁၀နာရီ အချိန်က စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးမျိုးအောင်က ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့နေ့စဉ် စားသောက်မည့် ကုန်ပစ္စည်းများတွင် ရွေးချယ်ဝယ်ယူ စားသုံးတက်စေရန်၊ ကုန်ညွှန်းအမှတ်အသားများ ကြည့်ရှု့ ဝယ်ယူတက်စေရေး အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြပြီး စားသုံးသူ အကာအကွယ်ပေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၃၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)