သတင်းများ

မိတ္ထီလာ၌ ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကျင်းပ
Aug 08,2022
မိတ္ထီလာ၌ ခရိုင်အားကစားနှင့်ကာပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ဘောလုံးဒိုင်ကြီးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအက္ခရာစာလုံးဖောက်နည်းသင်တန်းဖွင့်လှစ်
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊၌ မြန်မာအက္ခရာစာလုံးဖောက်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကသင်တန်းဖွင့်လှစ်ခဲ့ကြောင် းသိရသည်။
ကန့်ဘလူမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ဝါမျိုးစေ့ထုတ်ကွက် ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး
Aug 07,2022
တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူ ဦးကြီးများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ စျေးကွက်တွင်ယှဉ်ပြိုင်နိုင်ရေးတို့ကို ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ယခုနှစ်တွင် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါမျိုး စေ့ထုတ်ကွက် ဧက ၄၀ လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
(၄၃)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပ
Aug 07,2022
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ကို ကရင်တိုင်းရင်း သားလူမျိုးများ နေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ယမန်နေ့ နံနက် ၉ နာရီခန့်က (၄၃)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ တွင် အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ စုပေါင်းကျင်းပခဲ့ကြသည်။
ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲ ကျင်းပ
Aug 07,2022
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ လှာကမြင်(ကွက်သစ်) ရှိ ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) အချက်အလက်အား Software အသုံးပြု၍ ရေးသွင်းဆောင်ရွက်
Aug 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ယနေ့နံနက် ၇ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ရွှေဘိုတက္ကသိုလ်တွင် ခရိုင်အဆင့်(၂၃)​ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 07,2022
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအား ကျင်းပ​ပေးလျက်ရှိရာ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆု​ပေးပွဲကို ယမန်​နေ့ည​နေ၃ နာရီချိန်က​ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် (ပေါ်ဆန်းရင်) မျိုးစပါး (၄၁၆)ဧက စိုက်ပျိုးထားရှိ
Aug 07,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သီးနှံအလိုက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးရာတွင် ဌာနမှသာမက တောင်သူလယ်သမားများ ပါဝင်သော မျိုးစေ့ထုတ်လုပ်သူအသင်းများ (Seed Grower Association) ဖွဲ့စည်းဆောင်ရွက်မူဝါဒဖြင့် မိုးစပါး (RS to CS-SGA) မျိုးစေ့ထုတ် စိုက်ခင်း (ပေါ်ဆန်းရင်) မျိုးစပါး(၄၁၆)ဧကကို (တောင်စွန်း၊ ဒေါင်းရပ်အရှေ့၊ ကညှော်၊ ကော့ကဒိုက်) ကျေးရွာတို့တွင် မိုးစပါးနည်း ပညာပေး စံပြစိုက်ကွက်/နည်းပညာသုံး စံပြကျေးရွာအဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။