ညောင်ဦး ဩဂုတ် ၈
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဆွေးနွေးပွဲများ၊ သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားလျက် ရှိရာ ဝန်ထမ်းများအနေဖြင့် အခမ်းအနားပွဲများ နောက်ခံဘက်စီး စာလုံးများသေသပ်လှပစွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုလို မြန်မာအက္ခရာစာလုံးဖောက်နည်း သင်တန်းဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးဇင်အောင်မှ မြန်မာအက္ခရာစာလုံးဖောက်လက်တွေ့ဆောင်ရွက်နည်း သဘောတရားများ၊ လက်ဝဲ/လက်ယာမြန်မာအက္ခရာစာလုံးဖောက်နည်းများကို လက်တွေ့ပြုလုပ်ရှင်းလင်းပြသပြီး သင်တန်းသား/သူများအားလက်တွေ့ မြန်မာအက္ခရာစာလုံးဖောက်နည်းကို ပြုလုပ်စေ သည်။ မြန်မာအက္ခရာစာလုံးဖောက်နည်းသင်တန်းသို့ညောင်ဦးမြို့နယ်ရှိဝန်ထမ်းများ၊ ငါ့သရောက်မြို့ရုံးဝန်ထမ်းများတက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ