သတင်းများ

ကလိန်အောင်မြို့၌ ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ
Aug 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု၊ ကျောက်ရှပ်ကျေးရွာ ရေး- ထားဝယ်သွားကားလမ်းမကြီးဘေးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမဆောင်၌ ယမန်နေ့နံနက် ၈ နာရီက ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သည်။
နတ်တလင်းမြို့နယ်၌ လမ်းဘေးကွန်ကရစ်လမ်းချဲ့ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ မင်းလမ်းလမ်းဘေးတစ်ဖက် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့  သိရသည်။
ကျောက်တန်းမြို့နယ်တွင် ပန်းတောကျေးရွာအုပ်စုမှ လယ်ယာမြေ ၈၇.၁၆ ဧကအတွက် မြေယာလျော်ကြေးပေးအပ်ခြင်းအခမ်းနားကျင်းပ
Aug 08,2022
ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနမှ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်တွင် ပန်းတော-မီးပြ ကားလမ်းဖောက်လုပ်ရာတွင် ပါရှိသွားသော ပန်းတောကျေးရွာ အုပ်စုမှ လယ်ယာမြေ ၈၇.၁၆ဧကအတွက် မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်လမ်းဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ပင်းတယမြို့နယ်၌ ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကအခြေခံကာသီးနှံမျိုးစုံ စိုက်ပျိုးရောင်းချလျက်ရှိရာ မိုးဦးကျကာလစိုက်ပျိုးခဲ့သည့် ဂျင်းစိုက်ခင်းများယခုအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြောင်း တွေ့ရသည်။
တွံတေးမြို့နယ်၌ ဆိပ်ခံဘောတံတားသစ်တည်ဆောက်ပြီးစီး၍ ခရီးသွားပြည်သူများ အန္တရာယ်ဘေးကင်းစွာ သွားလားနိုင်ပြီဖြစ်
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာနှင့် အန္တရာယ်ကင်းသွားလာနိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စည်ပင်သာယာရေးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တွံတေးဆိပ်ခံဘောတံတားအသစ်နှင့် သင်္ဘောကပ်ဘောအသစ်တို့ကို တည်ဆောက်ပြီးစီးသွားသည့်အတွက် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် သွားလာနေသည်ကို ယနေ့နံနက်ပိုင်း၌ တွေ့ရှိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/သူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်
Aug 08,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/သူများနှင့် ထူးကျောင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက တံတားဦမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်‌နေ့ နေ့လယ်ပိုင်းက ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကမ်းပြိုပြောင်ရွှေ့ အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးဧက( ၈၀၉၂၀ )ဧက  စိုက်ပျိုးရန်လျာထား
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ်၂၀၂၂ မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန်ဧက(၈၀၉၂၀)လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။