သတင်းများ

မြန်အောင်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဆောင်ရွက်မည့် တောင်သူများအား သွင်းအားစုများထောက်ပံ့ပေးအပ်
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးတစ်ဧက တင်း (၁၀၀) ထွက်ရှိရေး ဆောင်ရွက်မည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် ရေနံတောင် (အ ထ က) ကျောင်းတွင်‌ အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုတွင်  အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက  ရေနံတောင် (အ  ထ  က)ကျောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် စားသုံးဆီဖူလုံစေရန် မိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုး ဧက(၁၀၀၀)အား စနစ်တကျ စိုက်ပျိုးထားရှိ
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၂ခုနှစ် မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးဧက (၁၀၀၀)အား လျာထားစိုက်ပျိုးလျက်ရှိရာ  ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၀)တွင်  ဇွန်လ(၃)ရက်နေ့မှ စတင်စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့် ထွက်ရှိ‌ရေးအတွက်  စိုက်ပျိုးရေးနည်းပညာများဖြင့် စနစ်တကျ စိုက်ပျိုးကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသဝက် ထောက်ပံ့ပေးအပ်
Aug 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသဝက် ထောက်ပံ့ပေးအပ်ခြင်းကို မယ်ဆွမ်တောင်အုပ်စု၊ ဝိန်းလိတ်ကျေးရွာတွင် ယနေ့နံနက် (၉)နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများ၊ မြို့နယ်များနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမ များအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။
နတ်တလင်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တိုက်ကျွေးပေးခဲ့‌​ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။