ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) အချက်အလက်အား Software အသုံးပြု၍ ရေးသွင်းဆောင်ရွက်

ဒိုက်ဦး သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ယနေ့နံနက် ၇ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်ဆန်းဦး၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် လူမှုအင်အားဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမိုးတို့က အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်လျက်ရှိပြီး (ပုံစံ-၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများက  ဒိုက်ဦးမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၄၉၂၀၀)စုအား ဝန်ထမ်းအင်အား (၆၀) ကျော်ကွန်ပျူတာ (၃၇)လုံးဖြင့် သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းကို ဇူလိုင် (၁၈ )ရက်နေ့မှ စတင်၍ နေ့ညအဆိုင်း( ၃ )ဆိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)