သတင်းများ

ဘောလခဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ
Aug 07,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)ကွပ်ကဲမှု အောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/သူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/သူများ အား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယအ​ကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ ကျင်းပ
Aug 07,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒုတိယအ​ကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က အမ်းမြို့နယ် အမ်းမြောက်အုပ်စုရှိ ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
(၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဟိုပန်၌ကျင်းပ
Aug 07,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများ ပူးပေါင်းပါဝင်သော (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခြင်းနှင့်ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်၊ မြို့မသာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက် မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Aug 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက်ရှိ မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သထုံမြို့၊ လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Aug 07,2022
မွန်ပြည်နယ်၊ သထုံမြို့ ၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ဟိုပန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်း​ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
(၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 07,2022
သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် (၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။