ရွှေဘို သြဂုတ် ၇
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိရာ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ညနေ၃ နာရီချိန်ကရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို အဆိုတော်မနန်းစိုးခိုင်နှင့် မဇင်မာအောင်တို့က ဆုရသီးချင်းများ သီဆိုကာ ဖွင့်လှစ်ပေးခဲ့ပြီး၊ ရွေဘိုခရိုင်အတွင်းမြို့နယ်များအလိုက်၊ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ အမျိူးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေးသီချင်း၊ အတီးပြိုင်ပွဲ၊ ဆိုင်း၊ တယော၊ ပတ္တလား၊ စန္ဒရား၊ တိုင်းရင်းသားရိုးရာ အက၊ ကဗျာလွတ်အက၊ မင်းသမီးအကတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရပြိုင်ပွဲဝင်များအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက ဆုများချီးမြှင့်ပေးခဲ့ပြီး၊အောင်စေပိုင်စေသီချင်းသီဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိူးဝင်းနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမျိုးမျိုးနှင့် ဒုပါမောက္ခချူပ်၊ ဆရာဆရာမများ၊ အမျိုးသ္မီးရေးရာ၊ မိခင်နှင့်ကလေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင် အဖွဲ့ဝင်များ၊ ဝါသနာရှင်များပြိုင်ပွဲဝင် အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်