သတင်းများ

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အခြေခံဂျပန်ဘာသာစကား သင်တန်းဖွင့်လှစ်
Aug 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံဂျပန်ဘာသာစကား သင်တန်း N5 Basic Level Class သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန ဒုတိယထပ်၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သရက်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး
Aug 07,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက သရက်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂) ကွင်းဆင်းဆောင်ရွက်
Aug 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အမှတ် ၄၄၀ ခြေမြန်တပ်ရင်း၌ ပန်းခင်းစီမံချက် အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။
ငပုတောမြို့၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်​ကော်မတီဝင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီချယ်ရီပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ
Aug 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအာခါ (ခရီးသွားကျေးရွာ)၌ ပတ်ဝန်းကျင်စိမ်းလန်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီချယ်ရီပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
သထုံခရိုင် လူထုအ‌ခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲ ကျင်းပ
Aug 06,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
သိန္နီမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်သင်ကြားပြသပေးလျက်ရှိ
Aug 06,2022
မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာ အဆို၊ အက၊ အတီး များကို မပျောက်ပျက်စေရန်၊ ယဉ်ကျေးမှု အစဉ်အလာများကို ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် နိုင်ငံတော်မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို ယှဉ်ပြိုင် ဖော်ထုတ်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူများအား လေ့ကျင့်သင်ကြားပေးခြင်းကို သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ဆောင်ရွက်လျက်ရှိသည်။