ဒိုက်ဦး သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အမှတ် ၄၄၀ ခြေမြန်တပ်ရင်း၌ ပန်းခင်းစီမံချက် အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
တပ်ရင်းရှိ တပ်မတော်သားများနှင့် မှီခိုသူဇနီး၊ သား/သမီးများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရန် ရည်ရွယ်၍ ယခုလို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းရာသို့ အမှတ် (၄၄၀) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးအောင်စိုးဝင်းနှင့် အရာရှိ/အရာခံ/အကြပ်/စစ်သည်များ ဝိုင်းဝန်းကူညီကြကာ အိမ်ထောင်စုစာရင်းများနှင့် သား/ သမီး(၃၈) ယောက်တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)