ကျိုင်းတုံ ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအာခါ (ခရီးသွားကျေးရွာ)၌ ပတ်ဝန်းကျင်စိမ်းလန်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီချယ်ရီပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
ချယ်ရီသစ်ပင်စိုက်ပျိုးပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးမည့် ချယ်ရီပျိုးပင်များကို ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တက်ရောက်လာကြသူများအား ပေးအပ်သည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဟိုကျင်းအာခါ (ခရီးသွားကျေးရွာ) တွင် ချယ်ရီပျိုးပင် ၅၀၀ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျိုင်းတုံဒေသနှင့် ပတ်ဝန်းကျင်စိမ်းလန်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဒေသအဖြစ် အကောင်အထည်ဖော် ဖွင့်လှစ်ထားရှိသည့် ဟိုကျင်းအာခါ (ခရီးသွားကျေးရွာ) တွင် ချယ်ရီပင်များစိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)