သတင်းများ

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ်ရှိ လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့
Aug 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများကို ဩဂုတ်(၅)ရက် ညနေ(၄)နာရီခွဲက သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီများကို  တစ်ပိဿာ (၄၄၀၀) ကျပ်ဖြင့် ရောင်းချပေး
Aug 06,2022
မော်လမြိုင်မြို့နယ်တွင် မွန်ပြည်နယ် ဆီလုပ်ငန်းရှင်ကြီးများအသင်း၏ အစီအစဉ်ဖြင့်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေး (၄၄၀၀) ကျပ်ဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြိုင်သာယာဈေးတွင် Mobile စနစ်ဖြင့်လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃) ကျောင်းသို့ ငွေကျပ် (၄၃) သန်းကျော် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်မှ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃) ကျောင်းသို့ ငွေကျပ် (၄၃) သန်းကျော်တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ကစတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီများကို  တစ်ပိဿာ (၄၄၀၀) ကျပ်ဖြင့် ရောင်းချပေး
Aug 06,2022
မော်လမြိုင်မြို့နယ်တွင် မွန်ပြည်နယ် ဆီလုပ်ငန်းရှင်ကြီးများ အသင်း၏ အစီအစဉ်ဖြင့်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေး (၄၄၀၀) ကျပ်ဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြိုင်သာယာဈေးတွင် Mobile စနစ်ဖြင့်လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
နာဂဒေသလဟယ်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ
Aug 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမ ဦး‌ဆောင်ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ အ.ထ.က ကျောင်း ချယ်ရီခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၊ အ​ခြေခံပညာ​ကျောင်းများ၌ သွေးလွန်တုတ်ကွေးကာကွယ်​ရေး ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ​ ဆောင်ရွက်
Aug 06,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ အမှတ် (၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်း​ကျောင်းများတွင် သွေးလွန်တုတ်ကွေးကာကွယ်​ရေး ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ​ ယ​နေ့နံနက် ၆ နာရီက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကိုဦး၏ ဦးဆောင်မှုဖြင့်​ ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။
အိမ်မဲ​မြို့နယ် အထက-ရွာသစ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 06,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့်
မိုင်းလုံမြို့တွင် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။