သတင်းများ

မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်လျာထားဧက (၁၃၅၂၂၁)ဧကရှိသည့်အနက် (၁၁၁၂၈၇)ဧကထိ စိုက်ပျိုးပြီးစီး
Aug 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၁၃၅၂၂၁)ဧက ရှိသည့်အနက် ဇူလိုင်လ နောက်ဆုံးအပတ်ထိ ဧက(၁၁၁၂၈၇) စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“လဝါယန်”ဌာနေပြည်သူ့စစ်မှ မန်ဂျာရှား သစ်မာစိုက်ခင်း ဧက (၅၀၀) စိုက်ပျိုးမည်
Aug 06,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအုပ်စု၊ "လဝါယန် "ဌာနေပြည်သူ့စစ်အဖွဲ့မှ မန်ဂျာရှားသစ်မာစိုက်ပျိုးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက " ခမ်းဘူ" ကြိုးပြင်ကာကွယ်တောအတွင်း၌ ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်းဆောင်ရွက်
Aug 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေး ရောဂါမကျရောက်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ပရဟိတအသင်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကုလားဘာတောင်ရပ်ကွက်နှင့် စေတီတောင်ရပ်ကွက်များသို့ သွားရောက်ကာ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
၂၀၂၀/၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများနှင့် သင်ကြားပေးသည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ကျင်းပ  
Aug 06,2022
ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ ၂၀၂၀/၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို အ.ထ.က (၁) ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 06,2022
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့် သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်း ဆောင်ရွက်လျက်ရှိသော Gold petrol ကုမ္ပဏီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (မ‎​ကွေးတိုင်း​ဒေသကြီး) တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) အဖြစ် (ဆိုင်ကယ်ပြင်သင်တန်း) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင် သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နေ့လည်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့က သရက်တောရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်ခန်းမတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆ / ၆) များအား Software Program အသုံးပြုပြီး ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာကွင်းအမှတ် (၄၂၁) မင်းရွာကွင်းအတွင်းတောင်သူ ဦးခင်အေးနိုင်၏ မိုးစပါး (၁၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အပတ်စဉ်စနေနေ့တိုင်း အခမဲ့ကုသပေး
Aug 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာ သန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက ရဟန်းရှင်/လူလူနာ (၂၅၀) ကျော်အား အခမဲ့ကုသပေးခဲ့သည်။
မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ နေ့စဉ်စွန့်ပစ်အမှိုက်တန်ချိန် ၁၀၀ ကျော်အား နန်ကျင် အမှိုက်ကွင်းအတွင်း စွန့်ပစ်နိုင်ရေး၊ အမှိုက်ကွင်းမြေနေရာ ရေရှည်အသုံးပြုနိုင်ရေးနှင့် လိုအပ်ပါကတိုးချဲ့ဆောင်ရွက်နိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး
Aug 06,2022
ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့သည် လူဦးရေထူထပ်လာသည်နှင့်အမျှ နေ့စဉ်စွန့်ပစ်အမှိုက်များ များပြားလာခြင်းကြောင့် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်နိုင်ရေးနှင့် အမှိုက်ကွင်းမြေနေရာ ရေရှည်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၆ ရက် နံနက် ၁၀ နာရီက နန်ကျင်အမှိုက်စွန့်ပစ်သည့် မြေနေရာ၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။