ငပုတော သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ကြပ်မတ် စစ်ဆေးခြင်းကို ယနေ့နံနက် (၅)နာရီခွဲ အချိန်မှ စတင်၍ ငပုတော မြို့အဝင်စစ်ဆေး ရေးဂိတ်နှင့်မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းတို့တွင်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျတ်ရေးဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့နှင့် သက်ဆိုင်ရာမှတာဝန်ရှိသူများသည် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ လိုင်စင်မဲ့ယာများ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်းမရှိစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်၊ ပြည်သူများယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ စီစစ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ (ငပုတော)