ငပုတော သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီဝင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လူငယ်လူရွယ်များ စာပေဗဟုသုတများကို ဖတ်ရှု့လေ့လာခြင်းဖြင့် အနာဂတ်အတွက် ထူးချွန် ထက်မြတ်သည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ စာပေများကို ဖတ်ရှုခြင်းဖြင့် စာဖတ်ခြင်းကြောင့်ရရှိလာသည့် အကျိုးကျေးဇူးများသည်၊ မိမိအတွက်များစွာ အကျိုးသက်ရောက်မှုရှိစေကြောင်းနှင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့သားကောင်းရတနာလေးများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိကြောင်းနှင့် စာပေများကို လေ့လာဖတ်ရှုခြင်းအားဖြင့် လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများရရှိစေပြီးမှန်ကန်သော အတွေးအခေါ် အယူအဆသစ်များ တိုးပွားလာစေရေး၊ အသိပညာ ဗဟုသုတ ကြွယ်ဝသော လူငယ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဖွဲ့ဝင် (၂) ဦးသန်းဦးက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုံမှန် လည်ပတ်မှုရှိစေရန် ရန်ပုံငွေရရှိရန်အရေးကြီးကြောင်းနှင့် ရန်ပုံငွေရရှိရေး အတွက် ကော်မတီဝင် များအနေဖြင့် အလှုရှင်များနှင့် ဌာနဆိုင်များ ပူးပေါင်းပြီး ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နုနုရီက မြို့နယ်အဆင့်စာကြည့်တိုက် ငွေပဒေသာပင်ရန် ပုံငွေကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း တာဝန်များများနှင့် ငွေပဒေသာပင်ဘဏ်စာအုပ်အား ကော်မတီပြန်လည်းဖွဲ့စည်းရေး ဆွေးနွေးတင်ပြခြင်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များအား တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတော)