သထုံခရိုင် လူထုအ‌ခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲ ကျင်းပ

သထုံ ဩဂုတ် ၆

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက သင်တန်းဆင်းအမှာ စကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းဆောင်ရွက်လိုသူများအတွက် နည်းပညာပံ့ပိုး‌ပေးနိုင်ရန်နှင့် သထုံခရိုင်အတွင်း ထုတ်ကုန်အမယ်သစ်များပေါ်ပေါက်လာပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ရည်ရွယ်က ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း သင်တန်းမှပို့ချပေးလိုက်သည့် အခြေခံနည်းပညာများကို စနစ်တကျထပ်မံလေ့လာကာ ကိုယ်ပိုင် အသေးစားလုပ်ငန်းထူထောင်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်အေးက သင်တန်းတက်‌ရောက်သူများကိုယ်တိုင် လက်တွေ့ထုတ်လုပ်ခဲ့သည့် လူသုံးကုန်ပစ္စည်းများကို သင်တန်းသူများထံ လက်ဆောင်ပြန်လည်ပေးအပ်ရာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာအဆီအမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ ပယင်းဆပ်ပြာခဲ၊ ဝါးမီးသွေး ဆပ်ပြာခဲ၊ နနွင်းဆပ်ပြာခဲနှင့် လက်သန့်ဆေး‌ရည် အမျိုးမျိုးထုတ်လုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ စာတွေ့လက်တွေ့ (၅) ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူစုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)