သတင်းများ

လုံခြုံရေးအရခေတ္တလာရောက် ရှောင်တိမ်းနေရသည့် မိသားစုများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများသို့ လုံခြုံရေးအရခေတ္တလာရောက် ရှောင်တိမ်းနေသော အိမ်ထောင်စုမိသားစုဝင်များ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှထောက်ပံ့သော ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မဲခေါင်-လန်းချန်းစီမံကိန်းဖြင့်ဆောင်ရွက်မည့် မက္ကဒေးမီးယားပျိုးပင်များ ပေးအပ်
Aug 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မဲခေါင်-လန်းချန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် မက္ကဒေးမီးယားပျိုးပင်များ ပေးအပ်​ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ
Aug 08,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ် မိုင်းလီကျေးရွာ အထက(ခွဲ)ကျောင်း၌ လူငယ်ရေးရာအသိအညာပေး ဟောပြောပွဲကျင်းပ
Aug 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဘက်စုံထူးချွန်ရေး၊ စာရိတ္တများ ကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဟောပြောခဲ့သည်။
တပ်ကုန်းမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်
Aug 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းအသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြင်းခြံမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းသင်တန်းဖွင့်ပွဲ ပြုလုပ်
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရား မိုးနဲမြို့နယ်သို့ ကြရောက်အပူဇော်ခံတော်မူ ပြည်သူများ ကြက်ပျံမကျစည်ကားစွာ လာရောက်ဖူးမြှော်
Aug 08,2022
အရညဝါသီ အဂ္ဂမဟာကမ္မဌာနာစရိယ မိုင်းဘုန်းဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရ နှင့်သံဃာတော် အရှင်သူမြတ်များ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူ ဆုတောင်ပြည့်ဘုရား ကွင်ပြင်းစင်မြင့်နေရာ၌ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ကြွရောက်အပူဇော်ခံ‌တော်မူခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Aug 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ဆက်ရုံး Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။