သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား/သူများ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ‌ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိအကြိမ်) ထိုးနှံပေးလျက်ရှိရာ မာဂဓိသာစည် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာ​ကေတမြို့နယ်၌ မှုခင်းအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာ​​ကေတမြို့နယ်တွင် မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ ​ကျောင်းသား၊​ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန်သိရှိပြီး အသိ၊သတိရှိစေရန်အတွက်​ ဆောင်ရန်၊​ရှောင်ရန်နည်းလမ်းများကို ယနေ့​နေ့လယ်(၁၂:၀၀) နာရီမှ (၁:၀၀)နာရီအထိ သာ​ကေတမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း​ကျောင်း၌ မှုခင်းအသိပညာ​ပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ဝါးခယ်မမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ဝါးခယ်မမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) ကြက်ခြေနီ အသင်းခွဲငယ်မှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၅/၆/၇/၂၀၂၂) သင်တန်းများအား စတင်ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ကျင်းပ
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Aug 08,2022
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေး အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လေ့ကျင့် ပျိုးထောင်ရေးစင်တာ၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၁) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်းဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင်မွေးကင်းစ‌ က‌လေး(၂)လမှ(၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေး
Aug 08,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲ ကလေးငယ် များအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မုံရွာမြို့တွင် အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ
Aug 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး‌ဆောင်ကျင်းပသော အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။