သတင်းများ

စာရေးသူ၊ စာဖတ်သူအကြို အသိပညာပေး (Talk Show) ကော့ကရိတ်မြို့၌ ကျင်းပ
Jan 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာ အသင်းတို့ ပူးပေါင်း၍ စာရေးသူ၊ စာဖတ်သူအကြို အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်
Jan 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးအနေဖြင့်   ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိ ပညာပေးနှိုးဆော်ခဲ့ကြသည်။
ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ နွေစပါးစိုက်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပြီး မြေဩဇာများဈေးနှုန်းချိုသာစွာရွေ့လျားရောင်းချ
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအုပ်စု၊ သံလှယ်လျှပ်စစ်မြစ်ရေတင်၏ အကျိုးပြု ဧရိယာအတွင်း နွေစပါးကို အပြည့်အဝစိုက်ပျိုးလုပ်ကိုင်နိုင်စေရေး တောင်သူများအား တွန်းအားပေးစည်းရုံးသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီခွဲခန့်က အဆိုပါဧရိယာ ရှိ ရက်(၉၀)စပါးမျိုး (RS-CS)မျိုးစေ့ထုတ်စိုက်ခင်း(၅) ဧက၌ ကျင်းပသည်။
ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Jan 17,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​ တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံက်ပိုင်းက ​မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး ဆိုင်ရာအချက်များအား အသိပေးလိုက်လံနှိုးဆော်
Jan 17,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နေ့လယ်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ များအရောက် အသိပညာပေး လိုက်လံနှိုးဆော်သည်။
အမ်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရည်အချင်းမြှင့်မားစေရေး အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များဆွေးနွေးပို့ချ
Jan 17,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရည် အချင်းမြှင့်မားစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ ဆွေးနွေးပို့ချခြင်းကို ယနေ့နေ့လည် (၁) နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆွေးနွေးပို့ချခဲ့သည်။
မောက်မယ်မြို့နယ်အတွင်းရှိပြည်သူများအား အိုမီခရွန်(OMICRON)COVID-19 မျိုးဗီဇပြောင်း ရောဂါ ကာကွယ်ရေး အသိပညာပေး ဆက်လက်နှိုးဆော်
Jan 17,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း၌ အိုမီခရွန် ( OMICRON)COVID-19မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုအားကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်
ရေးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓါတ်ပုံတို့အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 17,2022
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဝင်တွင် အလူမီနီယံမြေစိုက်ဘုတ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ ဗီနိုင်းနှင့် ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားရှိရာ စာကြည့်တိုက်လာ စာဖတ်ပြည်သူများက ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။