ဒဂုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ အသိပညာပေး Talk Show ဆောင်ရွက်
Aug 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်း၏ (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာဖြင့် Software ရေးသွင်းခြင်းနှင့် အိမ်ထောင်စု စာရင်းပြုလုပ်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ ပြည်သူများ ဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် ၁၀နာရီက ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။